
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်တွင် ရာသီပေါ်မှိုအုန်းနက်များ လှိုင်လှိုင်ထွက်ပေါ် နေကြောင်း သိရှိရပါသည်။ တံတားဦးမြို့နယ် စကားအင်းကျေးရွာမှ ကျေးလက်နေပြည်သူများ အနေဖြင့် နေ့စဉ်စားဝတ်နေရေးအဆင်ပြေစေရန် ရာသီပေါ်မှိုအုန်းနက်များ ရှာဖွေရောင်းချလျက် ရှိကြောင်း သိရှိခဲ့ရပြီး မှိုအုန်းနက် တစ်ပိဿာလျှင် (၁၈၀၀၀၀-၂၀၀၀၀)ကျပ်အနေဖြင့် မှိုဒိုင်များသို့ ရောင်းပြီး မှိုဒိုင်များမှတစ်ဆင့် တံတားဦးမြို့နယ်မြို့မဈေးသို့ တစ်ပိဿာလျှင်(၂၀၀၀၀-၂၅၀၀၀)ကျပ် စျေးနှုန်းများဖြင့် ပြန်လည်ရောင်းချလျက်ရှိကာ ရာသီပေါ် မှိုအုန်းနက်များ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။ ကျေးလက်နေပြည်သူများအနေဖြင့် မှိုအုန်းနက် တစ်ပိဿာ ရရှိပါက နေ့စဉ်ဝင်ငွေ (၂၀၀၀၀/-)ထက် ပိုမိုရရှိပါသောကြောင့် ပုံမှန်ဝင်ငွေများရရှိကြောင်း ၊ ရာသီပေါ်မှိုအုန်းနက်များသည်သီတင်းကျွတ်လဆန်းမှတန်ဆောင်မုန်းလကုန်တွင် ပေါက်ရောက်လေ့ ရှိပြီး ယခုအခါမှိုအုန်းနက်များ နေရာဒေသမရွေး အလွန်ပေါများစွာပေါက်နေသည် ကိုလည်းသိရှိခဲ့ရပါသည်။
DOCA (မန္တလေး)
