
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်း ကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို စိုက်ပျိုးကြောင်း၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်အတွင်း ပဲတီစိမ်းရိုးရိုး တစ်တင်းလျှင်(၇၆၀၀၀) ကျပ်၊ ပဲတီစိမ်းထွက်တိုး တစ်တင်းလျှင် (၈၃၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ယခင်စက်တင်ဘာလ စတုတ္ထပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုလစတုတ္ထပတ် အတွင်း ပဲတီစိမ်းရိုးရိုး တစ်တင်းလျှင် (၃၀၀၀)ကျပ်နှင့် ထွက်တိုးတစ်တင်းလျှင် (၅၅၀၀)ကျပ်ဈေး နှုန်းဆက်လက်မြင့်တက်လာကြောင်း၊ ဈေးကွက်အနေဖြင့် ပဲတီစိမ်းများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ အများဆုံးတင်ပို့ရောင်းချကြောင်း သီးနှံပွဲရုံများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
