ထားဝယ်မြို့သံပုရားသီးစျေးနှုန်း/စျေးကွက်

Powered by Drupal

        တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင် သံပုရာသီးနှင့် ရှောက်သီး များစိုက်ပျိုးထားပြီး ယခုအချိန်တွင် လှိုင်လှိုင်ထွက်ပေါ်နေသော်လည်းစျေးကောင်းရရှိနေကြောင်း သိရပါသည်။ ၂၀၂၅ခုနှစ်၊အောက်တိုဘာလ တတိယပတ်အတွင်းဖြစ်ပေါ်လျက်ရှိသော သံပုရာသီး ဈေးနှုန်း များမှာ သံပုရာသီး(အကြီး)(၁)လုံးလျှင် (၈၀၀)ကျပ်၊ သံပုရာသီး(အသေး)(၁)လုံးလျှင် (၅၀၀)ကျပ် ဖြင့်လည်းကောင်း၊ ရှောက်သီး(အကြီး)(၁)လုံးလျှင် (၁၀၀၀)ကျပ်နှင့် ရှောက်သီး (အသေး) (၁)လုံးလျှင် (၇၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုအခါ ထားဝယ်မြို့မ ဈေးတွင် အသီးအရွယ်အစားအလိုက် ဈေးအနည်းငယ်ကွာခြားမှုရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရပါသည်။

DOCA(တနင်္သာရီ)