
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီစာ အသီးအနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့မဈေးတွင် သလဲသီးနှင့် မာလကာသီးများ လှိုင်လှိုင်ရောင်းချလျက်ရှိပါသည်။ သလဲသီးပင်နှင့် မာလကာသီးပင်များကို ကန့်ဘလူမြို့ပေါ် ရပ်ကွက်များနှင့် နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာတို့မှ မိမိတို့၏နေအိမ်ခြံဝင်းများနှင့်ယာ တောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး လာရောက်ရောင်းချကြကြောင်း၊ ၂၀၂၅ခုနှစ် ၊အောက်တိုဘာလ စတုတ္ထပတ်တွင် ရောင်းချသော သလဲသီးဈေးနှုန်းများမှာ သလဲသီးအကြီး(၁) လုံးလျှင်(၁၅၀၀)ကျပ်နှင့် အသေး(၁)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့်လည်းကောင်း ၊မာလကာသီးအ ကြီး(၁)လုံးလျှင်(၁၀၀၀)ကျပ်၊ (၂)လုံးလျှင်(၁၈၀၀)ကျပ်၊ အသေး(၁)လုံးလျှင်(၇၀၀)ကျပ်၊ (၂)လုံး လျှင်(၁၃၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
