မြိတ်မြို့ပေါ်တွင်ရောင်းချနေသော အသား/ငါးဈေးနှုန်း

Powered by Drupal

      တနင်္သာရီတိုင်း၊ မြိတ်မြို့၊ စည်ပင်သာယာဈေးကြီးနှင့်အခြားသောဈေးများတွင် ဝက်သား သည်များနှင့် ကြက်သားသည်များ  အများအပြားရောင်းချကြောင်း တွေ့ရှိရပါသည်။ ဝက်သားများ ကို စားသောက်ဆိုင်များနှင့် ဒုတ်ထိုးဆိုင်များမှ ပုံမှန်ဖောက်သည်ဝယ်ယူကြသော်လည်း ယခု ပွင့်လင်း ရာသီဖြစ်သောကြောင့် အလှူ၊ မင်္ဂလာပွဲများ ပြုလုပ်လာကြခြင်းတို့ကြောင့် ဈေးသည် တိုင်းရောင်းအားကောင်း လျက်ရှိနေကြောင်းလည်းသိရှိရပါသည်။

      ၂၀၂ခုနှစ်၊ အောက်တိုဘာလနောက်ဆုံးပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ဝက် သားဈေးနှုန်းမှာ တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်မှ (၃၆၀၀၀)ကျပ်၊ ကြက်သားcpဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၄၀၀၀)ကျပ်မှ(၂၅၀၀၀)ကျပ်နှင့် ဗမာကြက်တစ်ပိဿာလျှင် (၃၁၀၀၀)ကျပ် ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)