ကန့်ဘလူမြို့မဈေးရှိ ငါးရံ့၊ ငါးဘတ်နှင့် တီလားဗီးယားငါးဈေးနှုန်း

Powered by Drupal

  စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် တီလားဗီး ယားငါးအကြီး(၁)ပိဿာလျှင် (၁၄၀၀၀)ကျပ်၊  အသေး(၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်နှင့် (၂၅)ကျပ် သားလျှင်(၃၅၀၀)ကျပ်၊ ငါးဘတ်(၁)ပိဿာလျှင် (၂၇၀၀၀)ကျပ်၊  ငါးရံ့(၁)ပိဿာ (၂၅၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ် အတွင်းငါးရံ့(၁)ပိဿာလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းမြင့်တက်လာကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)