
ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစားသောက် ကုန်ပစ္စည်းများ၊ လူသုံး ကုန်ပစ္စည်းများကို ဒေသတွင်းနှင့် အခြားဒေသများမှ ဝယ်ယူရောင်းချလျက်ရှိရာ ကုန်ဈေးနှုန်းများ အနည်းငယ် မြင့်တက်လျက်ရှိရာမှ အသား/ငါး ဈေးနှုန်းများထဲမှ အမဲသားဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။
အမဲသားများကို ကျွန်းလှမြို့ ဒေသတွင်းဟင်းစလေများမှ လက်လီ/လက္ကား ရောင်းချလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးအပတ်၏ အမဲသား ဈေးနှုန်းများ အနေဖြင့် အမဲသားရှယ် (တစ်တုံးထဲသား) လက္ကားတစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ အမဲသားရှယ်(တစ်တုံးထဲသား)လက်လီ တစ်ပိဿာလျှင်(၃၂၀၀၀)ကျပ်၊ အမဲသားရိုးရိုး(အသားပြွန်း) လက္ကား တစ်ပိဿာလျှင်(၂၈၀၀၀)ကျပ်၊ အမဲသားရိုးရိုး (အသားပြွန်း) လက်လီ တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ အမဲပုဆိုးကြမ်း တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ အမဲသား အတိုအစတစ်ပိဿာ (၁၂၀၀၀)ကျပ်၊အမဲသွေးခဲတစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊အမဲအူတစ်ပိဿာလျှင်(၈၀၀၀)ကျပ်နှင့်အမဲရိုးတစ်ပိဿာ(၇၀၀၀)ကျပ်ဈေးနှုန်းများဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း အမဲသားသည်ထံမှ သိရပါသည်။
DOCA (စစ်ကိုင်း)
