
တနင်္သာရီတိုင်း၊ မြိတ်မြို့သည် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်ပြီး ငါး၊ ပုစွန်အစရှိသည့် ပင်လယ်ဒေသထွက်ကုန်များဖြင့် ကျော်ကြားသောမြို့လည်းဖြစ်သည်။ ဖမ်းဆီးရမိသော ငါးများကို မြို့အတွင်းရှိဈေးများနှင့် ငါးလေလံဈေးများသို့ ပို့ချရောင်းချကြပြီး ငါးခြောက်ပြုလုပ်၍ ရောင်းချသောရေထွက်ကုန်သည်လည်း ထင်ပေါ်ကျော်ကြားလျက်ရှိသည်။ ငါးခြောက် ကျေးရွာများတွင် အဓိကပြုလုပ်ကြပြီး မြို့ပေါ်ရပ်ကွက်များတွင်လည်း ပြုလုပ်ရောင်းချကြကြောင်း သိရှိရပါသည်။ ငါးခြောက်များထဲမှ ငါးငယ်သီခြောက်များသည်လည်း လူကြိုက်များလျက်ရှိသည်။
စျေးကွက်တွင် ငါးငယ်သီခြောက် တစ်သီတွင် (၁၀)ကောင်နှုန်းဖြင့်သီပြီး ရောင်းချကြပါပြီး မြိတ်မြို့အောက်တိုဘာလတွင် ရောင်းချနေသောစျေးနှုန်းအရ ငါးငယ်သီ(ခေါ်)ငါးအခြောက်သီ တစ်သီလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချကြကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
