၂၀၂၂ ခုနှစ် အောက်တိုဘာလ တတိယပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းမွှေး(သိင်္ဂီ) တစ်ပြည် ၄၅၀၀ကျပ်၊ ဧည့်မထဆန် တစ်ပြည် ၂၂၀၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များအနေဖြင့် ကြက်သွန်နီ တစ်ပိဿာ ၄၅၀၀ကျပ်၊ ကြသွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၆၀၀၀ကျပ်၊ (ရှမ်းစ)တစ်ပိဿာ ၆၀၀၀ကျပ်၊ ငရုတ်သီးခြောက် (ရှည်)တစ်ပိဿာ ၂၀၀၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၃၀၀၀ကျပ်၊ အာလူး တစ်ပိဿာ ၃၀၀၀ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ၄၀၀၀ကျပ်၊ ချင်း တစ်ပိဿာ ၂၂၀၀ကျပ် စသဖြင့် ရောင်းဝယ်လျက်ရှိပါသည်။
စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီ တစ်ပိဿာ ၈၅၀၀ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာ ၁၃၅၀၀ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံး ၂၃၀ကျပ်နှင့် ဘဲဥ တစ်လုံး ၃၀၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။
အသား/ငါးဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ ၁၀၀၀၀ကျပ်၊ ဝက်သား တစ်ပိဿာ ၂၀၀၀၀ကျပ်၊ အမဲသား တစ်ပိဿာ ၂၂၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၈၅၀၀ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၈၀၀၀ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)