
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်းရှိ ဈေးများတွင် ရောင်းချနေသော ဂျင်း(ချင်း)များကို မန္တလေးမြို့မှလည်းကောင်း၊ ရှမ်းပြည်နယ် အောင်ပန်းမှလည်းကောင်း ဝယ်ယူရ ကြောင်း၊ ဂျင်း(ချင်း)များကို အစားအသောက်များတွင် အရသာပိုမိုကောင်းမွန်ရန်အတွက် အသုံးပြု ကြသလို ဓါးလှီးဂျင်းပေါက်ပြုလုပ်သည့် လုပ်ငန်းရှင်များကလည်း ဝယ်ယူကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ တတိယပတ်တွင် ပြည်မြို့၊ မြို့မစည်ပင်သာယာဈေးကြီးတွင် ရောင်းချနေသည့် ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာ လက်ကား(၁)ပိဿာလျှင် (၅၀၀၀)ကျပ်၊ လက်လီ (၁)ပိဿာလျှင် (၅၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ပြည်မြို့နယ်အတွင်း တစ်ပိုင်တစ်နိုင် ဓါးလှီးဂျင်းလုပ်ငန်းများလုပ်ကိုင်လျက်ရှိရာ ဓါးလှီးဂျင်းဈေးနှုန်းမှာ လက်လီ (၁)ပိဿာလျှင် (၅၅၀၀) ကျပ်နှင့် လက်ကား တစ်ပိဿာလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ဩဂုတ်လ၊ တတိယ ပတ် ဈေးနှုန်းများဖြင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင်း ဂျင်းတက် (၁)ပိဿာလျှင် (၅၀၀)ကျပ် ဈေးကျလာကြောင်း ဂျင်းတက်ရောင်းချသည့် လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရသည်။
DOCA (ပဲခူး)
