ရွှေတောင်ဒေသထွက် အာတာလွတ် (ခေါ်) ဝါးဥ

Powered by Drupal

        အာတာလွတ်ဥပင်သည် ယနေ့အချိန်အခါတွင် ဈေးကောင်းရရှိပြီး တောင်သူများအတွက် အကျိုး ဖြစ်ထွန်းသော သီးနှံတစ်မျိုးဖြစ်ပါသည်။ အာတာလွတ်ပင်သည် အကြမ်းခံရုံသာမက စိုက်ပျိုးစဉ်ကာလ တစ်လျှောက်တွင် အခြားသောသီးနှံများကဲ့သို့ အသေးစိတ်ဂရုစိုက်စရာ မလိုအပ်ပေ၊ နေရာဒေသမရွေး စိုက်ပျိုးကျရသော သီးနှံဖြစ်ပါသည်။ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပျမ်းမျှပိဿာ (၃၀၀၀) ကျော် ထိ ထွက်ရှိပါသည်။ ယခုအချိန်အခါတွင် ပြည်မြို့ အတွင်းရှိ ဈေးကွက်များတွင် အာတာလွတ် (ခေါ်) ဝါးဥ များ ဝင်ရောက် ရောင်းချလျက်ရှိနေပြီ ဖြစ်ပါသည်။ ၎င်းအာတာလွတ် (ခေါ်) ဝါးဥများကို ရွှေတောင်မြို့ နှင့် အနီးတဝိုက်ရှိ ကျေးရွာများတွင် စိုက်ပျိုးကြပြီး ထွက်ရှိလာသော အာတာလွတ် (ခေါ်) ဝါးဥကို ရွှေတောင်မြို့ရှိဈေးကွက်များနှင့် ပြည်မြို့နယ်အတွင်းရှိ ဈေးကွက်များတွင် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ပြည်မြို့နယ်အတွင်းရှိ ဈေးကွက်များတွင် ရောင်းချလျက်ရှိသော အာတာလွတ် (ခေါ်) ဝါးဥကို တစ်ပိဿာလျှင် (၄၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ပဲခူး)