နတ်တလင်းမြို့နယ်တွင် ဖြစ်ပေါ်နေသောစက်သုံးဆီဈေးနှုန်းအခြေအနေ

Powered by Drupal

      မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းသိုလှောင်၊ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

   ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် စက်သုံးဆီဆိုင်(၈)ဆိုင် ရှိရာ ၂၀၂၅ခုနှစ် ယခင်စက်တင်ဘာလ (ဒုတိယပတ်)တွင် ဖြစ်ပေါ်ခဲ့သော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင်(၂၉၆၄)ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာလျှင် (၃၀၃၄)ကျပ် ဒီဇယ်ရိုးရိုး တစ်လီတာ လျှင်(၂၆၁၄)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၂၁၉)ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်း သိရပါသည်။

      ယခု အောက်တိုဘာလ (ဒုတိယပတ်)တွင် ဖြစ်ပေါ်ခဲ့သော စက်သုံးဆီ ဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင်(၂၇၆၃)ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာ လျှင်(၂၈၃၉)ကျပ် ဒီဇယ်ရိုးရိုး တစ်လီတာလျှင်(၂၅၄၄)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၃၀၉၄)ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်း သိရပါသည်။

      ယခုအပတ်နှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီ (92)တစ်လီတာလျှင် (၂၀၁)ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၁၉၅)ကျပ် ၊ ဒီဇယ်ရိုးရိုးဈေးနှုန်းမှာ တစ်လီတာ (၇၀)ကျပ်၊ ဒီဇယ် (ပရီမီယမ်)  တစ်လီတာလျှင်(၁၂၅)ကျပ် ဈေးကျသွားကြောင်း သိရပါသည်။

DOCA (ပဲခူး)