
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၂)ဦးတို့သည် (၂၉.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၂:၀၀)နာရီအချိန်တွင် အမှတ်(၃/၃၈၁)၊ မြမဥ္ဇူလမ်း၊ အမှတ်(၃) ရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်ရှိ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် Nutrition Healthy Choice For You By Ko Nyi လုပ်ငန်းရှင်အား ကုန်သွယ်ရေးဦးစီးဌာနသို့ အွန်လိုင်းမှတ်ပုံတင်လက်မှတ် လျှောက်ထားသည့် အချက်အလက်များနှင့် ကိုက်ညီမှုရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းမှတ်ပုံတင်လက်မှတ် လျှောက်ထားစဉ်က အချက်အလက်များနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သည့် အချက်အလက်များမှာ ကိုက်ညီမှုရှိကြောင်းကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
