ပုသိမ်မြို့ဆန်စပါးစျေးကွက် ယခင်လထက် အောက်တိုဘာလအတွင်း အရောင်းအ၀ယ်အေးလျှက်ရှိ

Powered by Drupal

        ပုသိမ်မြို့ ဆန်စပါးစျေးကွက်တွင် အောက်တိုဘာလအတွင်း အရောင်းအ၀ယ် အေးလျှက်ရှိပြီး မြို့နယ်အချို့တွင် မိုးစပါးသစ်များ စျေးကွက်သို့ ၀င်ရောက်လျှက်ရှိသော်လည်း လက်ရှိစျေးကွက်တွင် မိုးစပါး ဆန်အဟောင်းများသာ ရောင်း၀ယ်လျှက်ရှိကြောင်း၊ ​လူနည်းစု စားသုံးသော ဧရာ၀တီပေါ်ဆန်စပါး (၁၀၅)ပေါင် တင်း (၁၀၀) ကျပ်သိန်း(၂၀)၀န်းကျင်၊ ဆန်(၁)အိတ် ကျပ် ၆၅၀၀၀/၆၈၀၀၀ စျေး၊ ပေါ်ဆန်းရင်စပါး (၁၀၅)ပေါင် တင်း(၁၀၀) ကျပ် ၆၂၀၀၀/၆၅၀၀၀ စျေး နှင့် စျေးတန်းမြင့်သော ဧည့်မထအုပ်စု၀င် ရွှေသွယ်/ဧရာမင်း စပါး ပေါင် (၁၀၀) တင်း (၁၀၀) ကျပ်တစ်ဆယ့်လေးသိန်း ၀န်းကျင် ဆန်(၁)အိတ် ကျပ် ၅၂၀၀၀/၅၃၀၀၀ စျေး၊ ၄င်းအပြင် စျေးတန်းနိမ့်၍ အများဆုံး အရောင်းအ၀ယ်ဖြစ်လျှက်ရှိသော မနောသုခ/မျိုးပွား စပါး ပေါင် (၁၀၀) တင်း(၁၀၀) ကို ကျပ်တစ်ဆယ့်သုံးသိန်း၀န်းကျင် ဆန်(၁)အိတ် ကျပ် ၄၄၀၀၀/၄၅၀၀၀ စျေးနှင့် နွေသီးထပ်ရင်စပါး ပေါင် (၁၀၀) တင်း (၁၀၀) ကို ကျပ်တစ်ဆယ့်နှစ်သိန်း၀န်းကျင် ဆန် (၁)အိတ် ကျပ် ၄၂၀၀၀/၄၃၀၀၀ စျေးဖြင့် ရောင်း၀ယ်လျှက်ရှိပြီး ဆန်အရည်အသွေးပေါ် မူတည်၍လည်း ဆန် (၁)အိတ်လျှင် ကျပ် ၂၀၀၀/၃၀၀၀ အတွင်း စျေးနှုန်းကွာခြားမှုရှိကြောင်း ဆန်စပါး ကုန်သည်များထံမှ သိရသည်။

        စက်တင်ဘာလ ဆန်စပါးစျေးကွက်တွင် တိုင်းအတွင်းနှင့် ရန်ကုန်၊ အထက်အညာဒေသ နယ်ပေါင်းစုံမှ ၀ယ်လိုအား မြင့်တက်၍ စျေးနှုန်းမြင့်တက်မှုရှိပြီး ယခင်လစျေးနှုန်းမှာ စပါး တင်း(၁၀၀)လျှင် ကျပ်တစ်သိန်းခွဲ၊ နှစ်သိန်း၀န်းကျင်နှင့် ဆန်(၁)အိတ် ကျပ် ၂၀၀၀/၃၀၀၀ စျေးနှုန်းမြင့်တက်၍ ယခုလ စျေးနှုန်းပြန်လည်ကျဆင်းသွားကြောင်း ဆန်စပါးစျေးကွက်မှ သိရသည်။

        လက်ရှိမိုးစပါးဟောင်းများမှာ စက်ပိုင်၊ ကုန်သည် လက်ကြီးသမားများထံတွင်သာရှိပြီး ယခင်ထက် လက်ကျန်လျော့နည်းလျှက် ရှေ့လာမည့် နို၀င်ဘာ၊ ဒီဇင်ဘာလများတွင် စပါးဟောင်း လက်ကျန် ပြတ်သွားနိုင်ကြောင်း ၄င်းအချိန် မိုးစပါးများလည်း လှိုင်လှိုင်ပေါ်လာပြီး နောင်နှစ်အတွက် ရောင်းချရန် စက်ပိုင်၊ ကုန်သည်အများစုမှ မိုးစပါးများကို ၀ယ်ယူသိုလှောင်မှုရှိ ကြောင်း ဆန်စပါး အသိုင်းအဝိုင်းမှ သိရသည်။

DOCA(ဧရာဝတီ)