ကျွန်းလှမြို့တွင် ဒညှင်းသီး ဈေးနှုန်းမြင့်တက်လျက်ရှိ

Powered by Drupal

  ကျွန်းလှမြို့ ရပ်ကွက်ဈေးများတွင် သစ်သီးဝလံမျိုးစုံဖြစ်သည့် ပန်းသီး၊ စပျစ်သီး၊ ပန်းသစ်တော် သီး၊ ဖရဲသီး၊ နာနတ်သီး၊ ဒညှင်းသီး၊ ငှက်ပျောသီး နှင့်သခွားမွှေးသီးတို့ ရောင်းချလျက်ရှိရာမှ နာနတ်သီး နှင့် ဒညှင်းသီး ကိုလည်း မန္တလေးမြို့၊ အင်းတော်မြို့၊ ကသာမြို့နှင့်မဲဇာမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိ ကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ရောင်းချနေသော ဒညှင်းသီး ဈေးနှုန်းများမှာ ဒညှင်းသီး အကြီး တစ်လုံးလျှင်(၄၀၀)ကျပ်၊ အသေး တစ်လုံးလျှင် (၃၀၀)ကျပ်၊ ဒညှင်းသီး အပြုတ် အကြီး တစ်လုံးလျှင်(၄၅၀)ကျပ်၊ အသေးတစ်လုံးလျှင်(၃၅၀)ကျပ် ဈေးနှုန်း အသီးသီး တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဒညှင်းသီးသည် အနည်းငယ်ရှားပါးလာသည့်အတွက် လူအများကြိုက်နှစ် သက်ကြကြောင်းသိရသည်။

DOCA(စစ်ကိုင်း)