တိုက်ကြီးမြို့နယ်၊ အ.မ.က၊ ဆင်စခန်း(၂)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် (၂၉.၁၀.၂၀၂၅) ရက်နေ့ နေ့လယ် (၁၃:၃၀) နာရီခွဲအချိန်တွင် တိုက်ကြီးမြို့နယ်၊ အခြေခံပညာ မူလတန်း၊ ဆင်စခန်း (၂) ကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး ဆိုင်ရာသိကောင်းစရာများ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

       အဆိုပါဟောပြောပွဲတွင် ဦးရှင်းခန့်ကိုကိုက စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်းကိုလည်းကောင်း၊ ဈေးကွက်အတွင်းရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့် ကုန်စည်များကို စနစ်တကျရွေးချယ်ဝယ်ယူစားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားများ အကြောင်းကိုလည်းကောင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင် သည့်နည်းလမ်းများနှင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များ သိရှိလိုသည်များကို Consumer Call Center (1535)သို့ ရုံးဖွင့်ရက်များတွင် ရုံးချိန်အတွင်း ဖုန်းခေါ်ဆို မေးမြန်းနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲတွင် ကျောင်းသား/ ကျောင်းသူ၊ ဆရာ/ ဆရာမ စုစုပေါင်း(၄၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)