ဗူးသီး၊ ဗူးညွန့် ရောင်းချခြင်းဖြင့် တောင်သူများ ဝင်ငွေရရှိနေ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြိုနယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာ စိုက်ပျိုခြင်း လုပ်ငန်းအပြင် သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံ အဖြစ်ဗူးသီးကို လက်ပံပင်လေးရွာ၊ ကံနှစ်ဆင့်ရွာနှင့် သပြေလှရွာများတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပါသည်။  ဗူးသီးကို နွေ၊မိုး၊ ဆောင်း ရာသီသုံးမျိုးစလုံး စိုက်ပျိုးကြပါသည်။

             ဗူးစိုက်တောင်သူ အများစုမှာ ထိုင်ဝမ်မျိူးများကို အများဆုံးစိုက်ပျိုးကြပြီး စိုက်ပျိုးပြီး (၄၅) ရက်ကြာပါ စတင်ခူးဆွတ်နိုင်ပါကြောင်း ရေမြေအနေထားနှင့် ပြုပြင်ဂရုစိုက်နိုင်မှု အပေါ်မှုတည်၍ အထွက်နှုန်းများလည်းကွာခြားပါကြောင်း ဗူးပင်သည် အသီးသာမက အညွန့်ကို ရောင်းချနိုင်သဖြင့် ဝင်ငွေများရရှိနိုင်သည့် သီးနှံလည်းဖြစ်ပါကြောင်း ၂၀၂၅ခု အောက်တိုဘာလ တတိယပတ်တွင် သဲကုန်းမြို့နယ် ဈေးကွက်အတွင်း ဗူးသီးတစ်လုံးလျှင် အရွယ်အစားကိုလိုက်၍ (၅၀၀ကျပ် မှ ၁၅၀၀)ကျပ်၊ ဗူးညွှန် ၁၀ညွှန်ပါ တစ်စီး (၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျှက်ရှိပြီး ပြည်မြို့နှင့် ရန်ကုန်မြို့များကိုပါ တင်ပို့ ရောင်းချကြောင်းသိရသည်။

DOCA (ပဲခူး)