ကံမမြို့နယ်မြောက်ချောင်းဘက်ရှိ ရေနံသာကျေးရွာ၊ ဆုံကုန်း၊ ခြောက်မင်း၊ သံပုရာ၊ ဥသျှစ်ကုန်း၊ မင်းတည်း စသည့်ကျေးရွာများမှ ထွက်ရှိသည့် ပဲမျိုးစုံသီးနှံများအနက် ဆောင်းသီးနှံပဲတီစိမ်းမှာ စတင်ပေါ်ထွက်လျက်ရှိပါသည်။ အောက်တိုဘာလ ဒုတိယအပတ်တွင် ပဲတီစိမ်း(၁)တင်းလျှင် ကျပ် (၄၆၀၀၀) ဖြစ်ပြီး ယခုတတိယအပတ်တွင် ပဲတီစိမ်း(၁)တင်းလျှင် ကျပ်(၄၇၀၀၀)ဖြစ်၍ (၁)တင်းလျှင် ကျပ် (၁၀၀၀) ဈေးနှုန်းမြင့်တက်လာပါသည်။ တစ်နေ့လျှင်(၄-၅)အိတ်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရေနံသာ ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။
မတ်ပဲသီးနှံဈေးနှုန်းမှာလည်း ဒုတိယအပတ်တွင်(၁)တင်းလျှင် ကျပ်(၅၉၀၀၀ မှ ၆၀၀၀၀)ဖြစ်ပြီး ယခု တတိယအပတ်တွင် (၁)တင်းလျှင် (၆၁၀၀၀ မှ ၆၁၅၀၀)ဖြစ်၍ ဈေးနှုန်းမြင့်တက်လာပြီး အရောင်းအဝယ် အေးလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)