အရောင်းသွက်သည့်ရာသီစာပုရစ်စျေးကွက်

Powered by Drupal

        မန္တလေးစျေးကွက်သို့    တန်ဆောင်မုန်းလအတွင်း  မြစ်ကြီးနား၊ ရွှေကူ၊  ကသာ၊ မတ္တရာနှင့် ဆည်တော်လေးဒေသတို့မှ ရာသီစာပုရစ်များ  ဝင်ရောက်မှုများပြားလျက်ရှိပြီး၊  အရောင်းသွက်လျက် ရှိကြောင်း သိရပါတယ်။  မန္တလေး‌မြို့၊ ရေကြည်ညောင်ပင်စျေးရှိ ပုရစ်စျေးကွက်တွင်  ၂၀၂၅  ခုနှစ် အောက်တိုဘာလနောက်ဆုံးပတ်အတွင်း လက္ကားစျေးမှာ ပုရစ်အကောင်ကြီး (၂၀၀ပါ) တစ်ထုပ်လျှင်   ပုရစ်(အမ) ၅၅၀၀၀ ကျပ်နှင့် ၅၈၀၀၀ ကျပ်၊ ပုရစ်(အထီး) ၂၅၀၀၀ ကျပ်နှင့် ၂၇၀၀၀ ကျပ်၊ သဲပုရစ် ခေါ်ပဲပုရစ်(အကောင်သေး) (၂၀၀ပါ)တစ်ထုပ်လျင် ၁၅၀၀၀ကျပ် နှင့် ၁၆၀၀၀ ကျပ်၊   လက်လီစျေးမှာ ပုရစ်အကောင်ကြီး(၁၀၀)လျှင် ပုရစ်(အမ) ၂၈၀၀၀ကျပ်နှင့် ၃၀၀၀၀ကျပ်၊ ပုရစ်(အထီး) ၁၄၀၀၀ ကျပ် နှင့် ၁၅၀၀၀ ကျပ်၊ သဲပုရစ်(အကောင်သေး)(၁၀၀)လျှင် ၈၀၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်စျေးတို့ဖြစ်ပေါ် လျက်ရှိပြီး၊ အောက်တိုဘာလတတိယပတ်စျေးနှင့်နှိုင်းယှဉ်ပါက ပုရစ်ဝင်ရောက်မှုများပြားလာသည့် အတွက် စျေးအနည်းငယ်ကျဆင်းသွားကြောင်း သိရပါတယ်။ 

DOCA(မန္တလေး)