High WAY စက်သုံးဆီ အရောင်းဆိုင်အားကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          ရန်ကုန်အရှေ့ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၅.၁၁.၂၀၂၅၊) ၊ ရက်နေ့၊ နံနက်(၁၄:၂၀) နာရီအချိန်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်၊  High Way စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     အဆိုပါ အရောင်းဆိုင်တွင် ယနေ့ရောင်းဈေးတစ်လီတာလျှင် (92-၂၇၀၅ ကျပ် )၊ (95-၂၈၀၀ကျပ်)၊ (HSD-၂၄၅၅ကျပ်)၊ (PHSD-၂၉၉၀ကျပ်)တို့ဖြင့် စက်သုံးဆီများသက်မှတ်ရည်ညွှန်း ဈေးဖြင့်ရောင်းချခြင်း၊ ဆီဝင်ရောက်မှုနှင့် ဆီလက်ကျန်အခြေအနေများ၊ အလေးချိန်မှန်ကန်မှုရှိ/ မရှိတို့အားစစ်ဆေးခဲ့ပြီး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ၊ ရေစုပ်စက်၊ ရေပိုက်များကောင်းမွန်စွာထားရှိခြင်းရှိ/ မရှိစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)