
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ခရမ်းချဉ်သီးများကို မန္တလေးမြို့မှ ဝယ်ယူရ ကြောင်း၊ ခရမ်းချဉ်သီးကို ဟင်းလျာအမျိုးမျိုးနှင့် တွဲဖက်အသုံးပြုကြသည့်အတွက် အိမ်ရှင်မများ၊ စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များမှ ဝယ်ယူအသုံးပြုကြသည့်အတွက် ခရမ်းချဉ်သီးများ အရောင်းသွက်လျက်ရှိကြောင်း ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ပထမပတ်အတွင်း ခရမ်းချဉ်သီးဈေးနှုန်း များမှာ အင်းသီးအလုံးကြီး(၁)ပိဿာလျှင် (၃၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၈၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၄၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိရာ ယခင်အောက်တိုဘာလ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ခရမ်းချဉ်သီး(၁)ပိဿာလျှင် (၅၀၀)ကျပ် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
