
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရာသီပေါ် ခဝဲသီး၊ ရုံးပတီ သီး၊ ခရမ်းသီး၊ ဒန့်ဒလွန်သီး၊ ဘူးညွှန့်၊ မုန့်ညှင်းရွက်စသည်ဖြင့် ရောင်းချလျက်ရှိရာ ပေါ်ရပ်ကွက် များနှင့် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ဒေသထွက်ခဝဲသီးများ ရောင်းချလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း ဒေသထွက် ခဝဲသီးဈေးနှုန်းများမှာ လက္ကား(၁) ပိဿာလျှင်(၃၀၀၀)ကျပ်၊ လက်လီ(၁)ပိဿာ (၃၂၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၈၀၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ခဝဲသီး(၁)ပိဿာလျှင် (၃၀၀)ကျပ်ဈေးနှုန်းကျဆင်းလာကြောင်း၊ ခဝဲသီးရောင်းချသူများထံမှ သတင်း ရရှိသည်။
DOCA(စစ်ကိုင်း)
