တန်ဆောင်းမုန်းလအတွင်း ဖြစ်ပေါ်သည့်ဇီးဖြူသီးစျေး

Powered by Drupal

        မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှထွက်သည့်အသီးများနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့ မှထွက်သည့်ဇီးဖြူသီးများ တန်ဆောင်းမုန်းလအတွင်း ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ  ဇီးဖြူသီး ၁၀လုံးလျှင် အလုံး (ကြီး) ၁၄၀၀ ကျပ်နှင့် ၁၅၀၀ကျပ်၊အလုံး(လတ်) ၁၀၀၀ ကျပ်နှင့် ၁၃၀၀ ကျပ်၊အလုံး(သေး) ၈၀၀ကျပ်နှင့် ၉၀၀ ကျပ်စျေးတို့ဖြင့်ရောင်းချပြီး၊အလုံးအရွယ်အစားအပေါ်မူတည် ၍ စျေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။ ဇီးဖြူသီးမှာအချဉ်သုတ်၍ ရောင်းချသူများမှသုံးစွဲမှုများပြားသည့်အတွက် အရောင်း သွက်လျက်ရှိကြောင်းသီရိမာလာစျေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

DOCA(မန္တလေး)