“သုံးခွမြို့နယ် ဈေးကွက်အတွင်းရောင်းချနေသော ထိုင်းနိုင်ငံထုတ်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၏ ဈေးနှုန်းစာရင်းကောက်ယူခြင်း”

Powered by Drupal

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ထိုင်းနိုင်ငံထုတ် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချနေသောဆိုင်များသို့ ဈေးနှုန်းအခြေအနေ စာရင်းကောက်ယူခြင်းအား နိုဝင်ဘာလ(၅)ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး စာရင်းကောက်ယူခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေး စာရင်းကောက်ယူရာတွင် မြို့မဈေးအတွင်း/ အပြင်ရှိ လူသုံးကုန်ပစ္စည်းရောင်းချသော မစန္ဒာ (အလှကုန်ဆိုင်)၊ မမေသူ (အလှကုန်ဆိုင်)၊ စားသောက်ကုန်ပစ္စည်း အမျိုးမျိုးရောင်းချသော ချမ်းသာပါစေ (မုန့်ဆိုင်)၊ မရွှေနှင်းမှုန်ဝင်း (မုန့်ဆိုင်)၊ ရွှေငါး (မုန့်ဆိုင်)၊ အချိုရည်အမျိုးမျိုး ရောင်းချသော ဒေါ်ခင်ခင်မြင့်ဆိုင်နှင့် ဦးဝင်းအောင်ကျော်ဆိုင်များတွင် ထိုင်းနိုင်ငံထုတ်လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်နှင့် အချိုရည်များ၏ ယခင်အပတ်နှင့် ယခုအပတ် ဈေးနှုန်းများ ကွာခြားမှုရှိ/ မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိတို့အား ကွင်းဆင်းစစ်ဆေး စာရင်းကောက်ယူခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)