မန္တလေးမြို့စျေးကွက်အတွင်းသို့တံတားဦးမြို့နယ်၊ကေျာက်ပန်းတောင်းမြို့နယ်နှင့်ညောင်ဦး မြို့နယ်တို့မှ ထွက်ရှိသည့်ထန်းလျက်များ အမျိုးအစားအလိုက် ပေါက်ဈေးအမျိုးမျိုးဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်အောက်တိုဘာလနောက်ဆုံးပတ်အတွင်းဖြစ်ပေါ်နေ သည့်ထန်းလျက်တစ်ပိဿာ ပေါက်စျေးများမှာ ထန်းလျက်(လုံးသေး) ၈၀၀ဝိ/- နှင့် ၁၀၀၀ဝိ/-၊ အုန်းထန်းလျက် ၁၁၀၀ဝိ/- နှင့် ၁၃၀၀ဝိ/-၊ နို့ထန်းလျက် ၁၀၀၀ဝိ/- နှင့် ၁၁၀၀ဝိ/-၊ ဆီးထန်းလျက် ၈၀၀ဝိ/-နှင့် ၉၀၀ဝိ/-၊နှမ်းထန်းလျက် ၁၀၀၀ဝိ/- နှင့် ၁၂၀၀ဝိ/-၊မြေပဲထန်လျက် ၁၂၀၀ဝိ/- နှင့် ၁၃၀၀ဝိ/- စျေးတို့ဖြင့် ရောင်းချလျှက်ရှိပြီး၊ ထန်လျက်စျေးမှာ ပြောင်းလဲမှုမရှိဘဲ စျေးငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
