
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ခရမ်းမြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံတို့နှင့် ပူးပေါင်း၍ ခရမ်းမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း စားအုန်းဆီ လက်လီအရောင်းဆိုင်များအား နိုဝင်ဘာလ(၅)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့မဈေးအတွင်းရှိ စားအုန်းဆီ လက်လီအရောင်းဆိုင်များတွင် အိမ်ထောင်စုအလိုက် ဆီထုတ်စာအုပ်စနစ်ဖြင့် စားအုန်းဆီများ ရောင်းချရာတွင် စားသုံးသူ၏ လက်ဝယ်သို့ရောက်ရှိမှုရှိ/ မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးများနှင့် ရောင်းချနေမှုရှိ/ မရှိနှင့် အလေးချိန်ပြည့်ဝမှုရှိ/ မရှိတို့အား စစ်ဆေးခဲ့ကြပြီး သတ်မှတ်ရည်ညွှန်းဈေးထက် ကျော်လွန်ရောင်းချခြင်း၊ စားအုန်းဆီများအား ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းများရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူနိုင်ကြောင်းအား ဈေးဆိုင်ပိုင်ရှင်များအား မြို့နယ်တာဝန်ခံက ရှင်းလင်းအသိပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
