
ကုန်စိမ်းစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ်တို့မှ ထွက်သည့်ပဲသီးတောင့်ရှည်ကုန်စိမ်းများ ဝင်ရောက်မှုအနည်းငယ်လျော့ကျပြီး၊ စျေးအနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း ဝင်ရောက်လျှက်ရှိသည့်ပဲသီး တောင့်ရှည်များအား အစိမ်းရောင်နှင့်ခရမ်းရောင်ပဲသီးတောင့်များ တွေ့ရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာစျေးနှင့်၄၁လမ်းစျေးရှိကုန်စိမ်းစျေးကွက်တွင်၂၀၂၅ခုနှစ်အောက်တိုဘာလနောက်ဆုံးပတ် အတွင်း ဖြစ်ပေါ်သည့် ပဲသီးတောင့်ရှည်စျေးနှုန်းများမှာ ၁ပိဿာလျှင် လက္ကားစျေး ၃၅၀၀ ကျပ်နှင့် ၄၀၀၀ကျပ်၊လက်လီစျေး၅၀၀၀ကျပ်နှင့်၅၅၀၀ကျပ်စျေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ပဲသီးတောင့်ရှည်ပေါက်စျေးမှာ အောက်တိုဘာလတတိယပတ်ပေါက်စျေးနှင့်နှိုင်းယှဉ်ပါက ၁ ပိဿာ လျှင် ၅၀၀ကျပ်စျေးမြင့်တက်သွားကြောင်း ကုန်စိမ်းရောင်းချသူ တစ်ဦး၏ ပြောပြချက်အရ သိရှိရ ပါသည်။ မန္တလေးမြို့၊ သီရိမာလာစျေးအတွင်းနေ့စဉ်ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုး အစားအလိုက်(Canter၁၂ဘီးနှင့်၆ဘီး)ယာဉ်(၄၀)စီးနှင့် (၆၀)စီးအကြား ဝင်ရောက်လျှက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
