မန္တလေးသံပုရာသီးပေါက်စျေးအနည်းငယ်ကျ

Powered by Drupal

         မန္တလေးစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့်ရှမ်းပြည်နယ် တို့မှ သံပုရာသီးနှင့် သံပုယိုသီးများ  တန်ဆောင်မုန်းလရာသီအချိန်တွင်  ဝင်ရောက်မှုများပြားလျက် ရှိပြီး စျေးအနည်းငယ်ကျဆင်းကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။၂၀၂၅ ခုနှစ်  နိုဝင် ဘာလပထမပတ်အတွင်း   ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ သံပုရာသီး ၁၀ လုံး လျှင် ၁၂၀၀ ကျပ်နှင့် ၁၅၀၀ကျပ်၊သံပုယိုသီး ၁၀ လုံးလျှင် ၈၀၀ ကျပ်နှင့် ၁၀၀၀ ကျပ်စျေး တို့ ဖြစ်ပေါ်လျက်ရှိပြီး၊ အလုံး အရွယ်အစားပေါ်မူတည်၍ စျေးအနည်းငယ် ပြောင်းလဲမှုရှိကြောင်း သိရပါ သည်။ တန်ဆောင်မုန်း ရာသီအချိန်အတွင်း သံပုရာသီးနှင့် သံပုယိုသီးမှာ  ဝင်ရောက်မှုများပြားသည့်အတွက် စျေးအနည်း ငယ်လျော့ကျသွားကြောင်း သိရှိရပါသည်။ 

DOCA(မန္တလေး)