
တန်ဆောင်မုန်းလအခါသမယတွင် မန္တလေးစျေးကွက်အတွင်း သစ်သီးမျိုးစုံအရောင်းသွက် လျက်ရှိကြောင်းသိရပါသည်။ မန္တလေးမြို့၊စျေးချိုစျေး၊ ၂၉လမ်း နှင့်၃၁လမ်းကြား၊ ၈၄လမ်းရှိ သစ်သီး ပွဲရုံများသို့ သစ်သီးမျိုးစုံဝင်ရောက်လျက်ရှိပြီး၊ ၂၀၂၅ ခုနှစ်နိုဝင်ဘာလပထမပတ်အတွင်း သစ်သီး စျေးများအနေဖြင့် တစ်ပိဿာလျှင် စပျစ်သီး ၁၃၀၀ဝိ/-နှင့် ၁၈၀၀ဝိ/-၊ လိမေ္မာ်သီးအပွ(အလုံးကြီး) ၂၅၀၀ဝိ/နှင့်၃၀၀၀ဝိ/-၊ပျားလိမ္မော်နှင့်ရွှေလိမ္မော်၁၂၀၀ဝိ/-နှင့်၁၅၀၀ဝိ/-စျေး၊ထောပတ်သီး(Hassမျိုး) ၁၀၀၀ဝိ/- နှင့်၁၃၀၀ဝိ/-စျေးတို့နှင့် အလုံးအရေအတွက်ဖြင့် ရောင်းချသည့်သစ်သီးတစ်လုံးစျေးတို့မှာနဂါးမောက်သီး(ခရမ်းရောင်) ၁၂၀ဝိ/-နှင့်၁၅၀ဝိ/-၊နဂါ်းမောက်သီး(အဖြူ) ၁၅၀ဝိ/- နှင့် ၁၈၀ဝိ/-၊ကျွဲကောသီး(မော်လမြိုင်သီး)၃၀၀ဝိ/-နှင့်၅၀၀ဝိ/-၊ပန်းသီးအလုံးကြီး(အကျွတ်သီး) ၂၅၀ဝိ/- နှင့်၃၅၀ဝိ/-၊ဆန်းကစ်သီး၂၅၀ဝိ/နှင့်၃၀၀ဝိ/၊ ပန်းသစ်တော်သီး(အလုံးကြီး) ၃၀၀ဝိ/နှင့်၄၀၀ဝိ/- စျေး၊ သခွားသီး ၃၅၀ဝိ/- နှင့် ၅၀၀ဝိ/-၊ တည်သီးတစ်လုံးလျှင် ၁၅၀ဝိ/-နှင့် ၁၈၀ဝိ/- စျေးတို့ဖြင့် အသီးသီး ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
