
ယခုအချိန်တွင် စားသုံးသူအများဆုံး အစာပြေအစားအစာအဖြစ်လည်းကောင်း၊ ဟင်းလျာအဖြစ်လည်းကောင်း စားသုံးသော ပြောင်းဖူးများဈေးကွက်အတွင်းအများဆုံးရောက်ရှိလာသော ရာသီဖြစ် ပါသည်။ ပြောင်းဖူးများကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လယ်များ၊ ကိုင်းများတွင် လယ်ယာ လုပ်ကိုင်သော တောင်သူများမှ စိုက်ပျိုးကြပြီး အနယ်နယ်အရပ်ရပ်သို့ မီးရထားများ၊ ကားများဖြင့် လည်းကောင်း၊ ရေလမ်းခရီးများမှ လည်းကောင်း တင်ပို့မှုများပြားလာကာ ပြောင်းဖူးထွက်ရှိမှုများ များပြားလာမှုကြောင့် လယ်ယာ/ကိုင်းကျွန်းလုပ်ကိုင်သော တောင်သူများ၊ ယာလုပ်သူများ ဝင်ငွေတိုး စေသော ကာလတစ်ခုလည်းဖြစ်ပါသည်။ ပြောင်းဖူး လှိုင်လှိုင်ပေါသော ရာသီတွင် ဈေးနှုန်းသက်သာ သောကြောင့် စားသုံးသူများ သက်သာစွာဝယ်ယူစားသောက်နိုင်ပြီး ပြောင်းဖူးတွင် သကြားပြောင်း၊ ငချိတ်ပြောင်း အပြင် အစေးပြောင်းနှင့် အခြားအမျိုးအစားများလည်း များပြားစွာရှိကြပါသည်။ ပြောင်းဖူးကို ပြောင်းကော်မှုန့်များလည်းပြုလုပ်ပါသည်။ ပြောင်းဖူးတွင် ဗီတာမင် C ပြည့်ဝစွာ ပါရှိသည့်အတွက် ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်သောကြောင့် စားသုံးသင့်သော အစား အစာတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
