မြိတ်မြို့ ဒေသထွက် ဆီးဖြူသီး(ခေါ်)ဆားဖြူးသီး စျေးနှုန်းစျေးကွက်

Powered by Drupal

      တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် ကွမ်းသီး၊ ရာဘာ၊ သီဟိုဠ် များစိုက်ပျိုးကြသလို ဆီးဖြူသီး ကိုလည်း စိုက်ပျိုးလျက်ရှိကြပါသည်။ ဆီးဖြူသီးဟာ ဗီတာမင် စီ အလွန်ကြွယ်ဝတဲ့ အသီးဖြစ်ပြီး ကျန်းမာရေးအရ စားသုံးရန်သင့်သောအသီးဖြစ်သည်။ အရသာမှာ ချို၊ ချဉ်၊ ဖန်အရသာရှိပြီး သီးစုံ အချဉ်ပေါင်းများနှင့် ဖျော်ရည်များတွင် သုံးစွဲကြလေ့ရှိပါသည်။

     မြိတ်မြို့၊ နိုဝင်ဘာလပထမပတ်စျေးနှုန်းအရ ဒေသထွက် ဆီးဖြူသီး(ခေါ်)ဆားဖြူးသီး တစ် ပိဿာလျှင် (၈၀၀၀)ကျပ်ရှိပြီး တစ်ဆယ်သားလျှင်(၁၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရ ပါသည်။

DOCA(တနင်္သာရီ)