မြိတ်မြို့ရှိ စက်သုံးဆီစျေးနှုန်းစျေးကွက်

Powered by Drupal

     တနင်္သာရီတိုင်း‌ဒေသကြီး၊ မြိတ်ခရိုင်တွင် စက်မှုလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေးအတွက် အရေးပါလျက်ရှိသော စက်သုံးဆီများကို ရန်ကုန်မြို့နှင့် မလေး၊ ထိုင်း၊ စင်္ကာပူနိုင်ငံတို့မှ  ပြန်လည် တင်သွင်းလျက်ရှိပြီး မြိတ်မြို့ စက်သုံးဆီအရောင်းဆိုင်များ၊ လျှပ်စစ်မီးရရှိရေးနှင့် စက်မှုလုပ်ငန်းများ တွင် ပြန်လည်အသုံးပြုလျက်ရှိပါသည်။ နိုဝင်ဘာလလက်ကားစျေးနှုန်းအရ ဓါတ်ဆီတစ်ပေပါမှာ ၅၇၀၀၀၀ကျပ်နှင့် ဒီဇယ်တစ်ပေပါ မှာ ၆၀၀၀၀၀ ကျပ်ခန့်စျေးရှိကြောင်းသိရှိရပါသည်။

      မြိတ်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တွင် ရောင်းချနေသော နိုဝင်ဘာလလက်လီစျေးနှုန်းအရ ၉၂ ဓါတ်ဆီ တစ်လီတာ (၂၈၀၀) ကျပ်၊ ဒီဇယ် ၉၅ ဓါတ်ဆီ တစ်လီတာ (၂၉၀၀) ကျပ်၊ ဒီဇယ် တစ်လီတာ (၂၉၅၀)ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ စျေးနှုန်းမှာ (၃၀၀၀)ကျပ် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)