ပြည်ဈေးကွက်သို့ ဆောင်းပဲတီစိမ်းသစ်အချို့ စတင်ဝင်ရောက်လာခဲ့ပါသည်။ ပြည်အနီးတဝိုက်နှင့် ပေါက်ခေါင်းမြို့နယ်တို့မှ ဝင်ရောက်ခြင်းဖြစ်ပြီး အိတ် ၁၀၀/၂၀၀ကျော်ခန့် နေ့စဉ်ဝင် ရောက်လျက်ရှိပါသည်။ ပဲသစ်အဖွင့်ဈေးမှာ တစ်တင်း ၄၅၀၀၀ကျပ်မှ ၄၇၀၀၀ကျပ်ဖြင့် ရရှိနေပြီး ဝယ်လိုအားအနေဖြင့် မန္တလေးလိုင်းသမား အဓိကထားဝယ်ယူခဲ့ကြပါသည်။ ပဲတီစိမ်းသီးနှံမှာ မတ်ပဲသီးနှံကဲ့သို့ တစ်နှစ်တာလုံးရောင်းချရခြင်းမရှိဘဲပဲပေါ်ချိန် အထွက်လှိုင်ချိန် ကာလများ တွင်သာ အရောင်းအဝယ်သွက်သော ပဲသီးနှံဖြစ်ခဲ့ပါသည်။ ဒါ့ကြောင့် မိုးပဲတီစိမ်းသီးနှံ နှင့်ဆောင်း ပဲတီစိမ်း သီးနှံများ ထွက်ပေါ်ချိန်များတွင် ရောင်းချခဲ့သည့်အတွက် မိုးပဲတီစိမ်းသီးနှံမှာ ဇူလိုင် /ဩဂုတ်လ များတွင် အရောင်းအဝယ်ဖြစ်မှုများသလို ဆောင်ပဲတီစိမ်းသီးနှံမှာ နိုဝင်ဘာ/ ဒီဇင်ဘာလ များအတွင်း အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။ ပဲတီစိမ်းသီးနှံမှာ နှစ်စဉ်လိုလို ဈေးကောင်းနေသော သီးနှံဖြစ်ကာ ယခုနှစ်တွင် ဈေးအဖွင့်မှာ ယခင်နှစ်ထက် ဈေးပိုနေသော်လည်း မတ်ပဲသီးနှံထက် ဈေးလျော့နည်းရောင်းဝယ်ခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)