ကန့်ဘလူမြို့၌(၈၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ကျင်းပ

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူးကျင်း ပသော(၈၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် မြို့တွင်းသို့ အပူဇော်ခံလှည့်လည်ခြင်းကို နိုဝင်ဘာ လ ၄ ရက်မွန်းတည့် ၁၂ နာရီက ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတည်တော် မြောက်ဘက်မုဒ်ဦးမှ စတင်ထွက်ခွာ၍ တပင်ရွှေထီးလမ်းအတိုင်းလှည့်လည်ပြီး စေတီတော်တောင်ဘက်မုဒ်မှ ပြန်လည် ဝင်ရောက်ခဲ့သည်။

          ထိုနောက် စေတီတော် သာသနာ့ဗိမာန်တော်၌ အလှူတော်ရေစက်ချမင်္ဂလာအခမ်းအနားကို ကျင်းပရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော် မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ လူမှုရေး၊ ဘာသာရေးအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ကြပြီး မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဌဆရာတော်အဂ္ဂ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တက္ကန္ဒေါဘာသထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်များချီးမြှင့်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များကိုနာယူကြည်ညို၍လှူဒါန်းမှုအစုစုတို့အတွက်အနုမောဒနာတရားနာယူ၍ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း၊ (၈၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်တော် အလှူဒါနအဖြစ် စုစုပေါင်းတန်ဖိုးမှာ ကျပ် ၂၁၀၁၆၉၉၀၀ ကို ကျေင်းတိုက် ၂၀ အတွက် လှူဒါန်းခဲ့ကြောင်း သိရသည်။

DOCA (စစ်ကိုင်း)