
ဧရာ၀တီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်အတွင်းရှိကျေးရွာများသို့ စားအုန်းဆီထုတ်ယူခွင့်စာအုပ်များအားကျေးရွာ အုပ်ချုပ်ရေးမှူးများထံ စနစ်တကျထုတ်ပေးခြင်းအား ယနေ့နံနက်ပိုင်းက ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံး၌ဆောင်ရွက်ခဲ့ပါသည်။
ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အထက်ဌာနများ၏ လမ်းညွှန်ချက်များနှင့် အညီစားအုန်းဆီများ ပြည်သူများလက်၀ယ်မှန်ကန်စွာရရှိစေရေး ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိရာ မြို့ပေါ်ရပ်ကွက်များအား ဆီထုတ်ယူခွင့်စာအုပ်များ ထုတ်ပေးပြီးဆီများကို လက်လီအရောင်းဆိုင်များ မှစနစ်တကျရောင်းချပေးလျက်ရှိပါသည်။
ကျေးရွာနေပြည်သူများအားစားအုန်းဆီထုတ်ယူခွင့်စာအုပ်ဖြင့်စားအုန်းဆီများအသုံးပြုနိုင်စေရန် ထောင်မှူးချောင်ကျေးရွာအုပ်ချုပ်ရေးမှူးထံ ဆီစာအုပ်များစနစ်တကျပေးအပ်ခဲ့ပြီး ကျန်ကျေးရွာများ သို့လည်းဆီစာအုပ်များ စနစ်တကျထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပြီး စားအုန်းဆီ ထုတ်ယူခွင့် စာအုပ်များအား ထောင်မှူးချောင်ကျေးရွာရှိ အိမ်ထောင်စု(၈၀၀)အား ဆီစာအုပ်(၈၀၀ )အုပ်ကျေးရွာပြည်သူများသို့ စနစ်တကျပြန်လည်ထုတ်ပေးရန်နှင့် ဆီရောင်းချရာ၌သတ်မှက်ချက်များနှင့် အညီရောင်း ချနိုင်ရေးစားသုံးသူရေးရာဦးစီးဌာန ဒေးဒရဲမြို့နယ်တာ၀န်ခံမှကျေးရွာအုပ်ချုပ်ရေးမှူးအား အသိပညာပေးပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
