ဆီထုတ်ကိုယ်စားလှယ်၏ စားအုန်းဆီကားရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်း သန်းသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက် နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ် ၏မန္တလေးမြို့ရှိ စားအုန်းဆီကုမ္ပဏီ(M.G.N.D)မှ ခွဲတမ်းရစားသုံးဆီ(၅၄)ပေပါ(သို့) (၅၉၄၀)ပိဿာ ရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကန့်ဘလူမြို့နယ် ဆီထုတ်ကိုယ်စားလှယ်က ခွဲတမ်းရရှိ လာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် စားအုန်းဆီလက်လီအရောင်းဆိုင်များသို့ ဖြန့်ခွဲရောင်းချပေးသွားမည်ဖြစ်ကြောင်း၊လက်လီအရောင်းဆိုင်များမှစားသုံးသူပြည်သူများသို့ ၂%အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ခွဲတမ်းရရှိသော စားအုန်းဆီလက္ကားကိုယ်စားလှယ်ထံမှ သတင်းရရှိပါသည်။        

DOCA (စစ်ကိုင်း)