
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ မြိတ် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးသည် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၆)ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် မြိတ်မြို့၊ မြစ်ငယ်ရပ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းသို့သွား ရောက် ၍ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမတို့အား ကျန်းမာရေးဆိုင်ရာဗဟုသုတများနှင့် စားသုံးသူ များဘေးအန္တရာယ်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
အသိပညာပေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ နှင့် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းများ အကြောင်း၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး အတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားများအကြောင်းနှင့် နစ်နာမှုရှိပါကတိုင်ကြားနိုင်သော နည်းလမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး ကျန်းမာရေးဦးစီးဌာနက ကျောင်းသူ၊ ကျောင်းသားများအား ကျန်းမာရေးစစ် ဆေးပေးခြင်နှင့် ရာသီပေါ်ရောဂါများ အကြောင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါ အသိပညာပေးပွဲတွင် ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမဦးရေ (၃၀၀)ဦးခန့် တက်ရောက် ခဲ့ကြောင်း သိရှိရပါသည်။
DOCA (တနင်္သာရီ)
