ပြည်မြို့၏ အခြေခံစားကုန်ဈေးနှုန်းများ

Powered by Drupal

ယခုအောက်တိုဘာလ တတိယပတ်တွင် ပြည်မြို့၏ အခြေခံစားကုန်ဈေးနှုန်းများမှာ ကြက်သွန်နီတစ်ပိဿာလျှင် ယခင်အပတ်က ၃၆၀၀ကျပ်၊ ယခုအပတ်တွင် ၄၀၀၀ကျပ်ဖြင့် ဈေးမြင့်တက် လာခဲ့ပါသည်။ စားအုန်းဆီဈေးမှာ ယခင်လက တစ်ပိဿာလျှင် ၇၅၀၀ကျပ်ဈေးရှိခဲ့ပြီး ယခု အောက်တိုဘာလ တတိယပတ်တွင် တစ်ပိဿာလျှင် ၆၅၀၀ကျပ်ဖြင့် ဈေးကျခဲ့ပါသည်။ ကြက်သွန်ဖြူ (ကြူကုတ်) နှင့် (ရှမ်းမွှာ)ဈေးမှာ တစ်ပိဿာလျှင် လက်ကား ၄၀၀၀ကျပ်၊ လက်လီ ၅၀၀၀ကျပ်ဖြင့် ဈေးပြောင်းလဲမှုမရှိဘဲ မန်ကျည်းမှည့် တစ်ပိဿာလျှင် လက်လီ ၅၀၀၀ကျပ်၊ ပဲဆီ တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် ၁၁၅၀၀ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရှိရပါသည်။ အခြေခံစားကုန်ဖြစ်သော ဂျင်း တစ်ပိဿာလျှင် ၂၀၀ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ သကြားတစ်ပိဿာလျှင် ၂၄၀၀ကျပ်ဖြင့် ဈေးနှုန်းများ ငြိမ်နေကြောင်း တွေ့ရှိရပါသည်။  

DOCA(ပဲခူး)