ပြည်ခရိုင်ရှိ ဆန်စပါးဈေးနှုန်းများ

Powered by Drupal

     ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် မိုးစပါးအဟောင်းဖြစ်သော မှော်ဘီစပါး တင်း ၁၀၀လျှင် ၁၂၅၀၀၀၀ကျပ်၊ ဆန်တစ်အိတ်လျှင် ၅၁၀၀၀ကျပ်၊ ရွှေတောင်မြို့နယ်တွင် မှော်ဘီစပါး တင်း ၁၀၀လျှင် ၁၂၉၀၀၀၀ကျပ် ၊ ဆန်တစ်အိတ် ၅၂၀၀၀ကျပ်၊ ပေါက်ခေါင်းမြို့နယ်တွင် ကရင်မစပါးတင်း ၁၀၀လျှင် ၁၂၀၀၀၀၀ကျပ်၊ ဆန်တစ်အိတ်လျှင် ၄၉၀၀၀ကျပ်၊ ပန်းတောင်းမြို့နယ်တွင် ဆင်းသုခ စပါး တင်း ၁၀၀လျှင် ၁၁၅၀၀၀၀ကျပ်၊ ဆန်တစ်အိတ်လျှင် ၄၅၀၀၀ကျပ်ဖြင့် ဆန်များသာ အရောင်းအဝယ်ဖြစ်ပြီး စပါးမှာလက်ကျန်နည်းနေသည့်အတွက် အရောင်းအဝယ် မဖြစ်ကြောင်း တွေ့ရှိရပါသည်။ စပါးရင် ခေါ် ယခုပေါ်သော မိုးစပါးအသစ်ဈေးမှာ ပြည်မြို့နယ်တွင် ဧည့်မထမိုး စပါးတင်း (၁၀၀) လျှင် ၁၀၀၀၀၀၀ကျပ်၊ ဆန်တစ်အိတ်လျှင် ၃၉၀၀၀ကျပ်၊ ပေါက်ခေါင်းမြို့နယ်တွင်လည်း စပါးတင်း ၁၀၀လျှင် ၁၀၀၀၀၀၀ကျပ်၊ ဆန်ဈေးမှာ ၃၈၀၀၀ကျပ်ဖြင့် မိုးစပါးအသစ်မှာ ပြည်မြို့နယ်နှင့် ပေါက်ခေါင်း မြို့နယ်တို့တွင်သာ စိုက်ပျိုးပြီး အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။

DOCA(ပဲခူး)