ထားဝယ်မြို့ရှိ ငရုတ်သီးစိမ်းဈေးနှုန်း

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ စည်ပင်သာယာဈေး၌  ရာသီပေါ်သီးနှံများဖြစ်သည့် မုန်လာဥ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ခါကြက်ဥ၊ ပဲတောင့်ရှည်၊ ခရမ်းသီးနှင့် ငရုတ်သီးများရောင်းချလျက် ရှိပြီး စားသုံးသူများ နေ့စဉ်ဝယ်ယူလျက်ရှိကြောင်း သိရသည်။

     ယခုနိုဝင်ဘာလပထမပတ်အတွင်း ငရုတ်သီးစိမ်းဈေးနှုန်းမှာ နိုဆီဘူး(၁)ဘူးလျှင် (၁၅၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နိုဝင်ဘာလ ပထမပတ်အတွင်း ငရုတ်သီးစိမ်း ဈေးနှုန်းများတည်ငြိမ်လျက်ရှိပြီး ငရုတ်သီးစိမ်းများကို မြို့ပေါ်ရပ်ကွက်များနှင့် ထားဝယ်မြို့နယ် အတွင်းရှိကျေးရွာများမှ လာရောက်ရောင်းချကြောင်း သိရသည်။

DOCA(တနင်္သာရီ)