
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ စည်ပင်သာယာဈေး၌ ရာသီပေါ်သီးနှံများဖြစ်သည့် မုန်လာဥ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ခါကြက်ဥ၊ ပဲတောင့်ရှည်၊ ခရမ်းသီးနှင့် ငရုတ်သီးများရောင်းချလျက် ရှိပြီး စားသုံးသူများ နေ့စဉ်ဝယ်ယူလျက်ရှိကြောင်း သိရသည်။
ယခုနိုဝင်ဘာလပထမပတ်အတွင်း ငရုတ်သီးစိမ်းဈေးနှုန်းမှာ နိုဆီဘူး(၁)ဘူးလျှင် (၁၅၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နိုဝင်ဘာလ ပထမပတ်အတွင်း ငရုတ်သီးစိမ်း ဈေးနှုန်းများတည်ငြိမ်လျက်ရှိပြီး ငရုတ်သီးစိမ်းများကို မြို့ပေါ်ရပ်ကွက်များနှင့် ထားဝယ်မြို့နယ် အတွင်းရှိကျေးရွာများမှ လာရောက်ရောင်းချကြောင်း သိရသည်။
DOCA(တနင်္သာရီ)
