ပြည်နှမ်းဈေးငြိမ်ပြီး အရောင်းပါးလျက်ရှိ

Powered by Drupal

      ပြည်ဈေးကွက်သို့ သီတင်းကျွတ်ပြီးသည့် နောက်ပိုင်းမှစ၍ ယခုအချိန်ထိ နှမ်းဝင်ရောက်မှု နည်းလာသည်ကို တွေ့ရှိရပါသည်။ မန္တလေးဝယ်လက်များက နှမ်းအဝယ် ခဏရပ်ဆိုင်းနေသည့်အတွက် နှမ်းနက်နှင့် စမုံနက်နှမ်းဈေးများ ယခင်အောက်တိုဘာလဆန်းပိုင်းက ဈေးအတိုင်းငြိမ်နေကြောင်း တွေ့ရှိရပါသည်။ နှမ်းနီမှာ မြို့တွင်းဆီစက်သမားများက ဆီကြိတ်ရန်အတွက် ဝယ်ယူမှုရှိသော်လည်း အဝင်နည်းသွားပေမယ့် ဈေးအနည်းငယ်ကျဆင်းလာသည်ကို တွေ့ရှိရပါသည်။ ပြည်ဈေးကွက်ရှိ ပဲ၊ နှမ်းပွဲရုံများတွင် နှမ်းဈေးများသာဖွင့်ထားသော်လည်း  အရောင်းအဝယ်ပါးနေကြောင်း သိရှိရပါသည်။ နှမ်းဈေးများမှာ အောက်တိုဘာလ တတိယပတ်တွင် နှမ်းနီ (၃)တင်း တစ်အိတ်လျှင် ၂၄၅၀၀၀ကျပ်၊ နှမ်းနက်(၃)တင်း တစ်အိတ်လျှင် ၂၇၀၀၀၀ကျပ်နှင့် စမုံနက်နှမ်း (၃)တင်း တစ်အိတ်လျှင် ၃၀၀၀၀၀ ကျပ်ဖြင့် ပြည်ဈေးကွက်တွင် အရောင်းအဝယ်ပါးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)