ကန့်ဘလူမြို့ပဲမျိုးစုံဈေးကွက်၌ ပဲတီစိမ်းဈေးနှုန်း ဆက်လက်မြင့်တက်

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို စိုက်ပျိုးကြောင်း၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။

         ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း ပဲတီစိမ်းရိုးရိုး တစ်တင်းလျှင်(၇၈၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး တစ်တင်းလျှင် (၈၄၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ  ယခင်အောက်တိုဘာလ၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပထမပတ်အတွင်း ပဲတီစိမ်းရိုးရိုး တစ်တင်းလျှင် (၂၀၀၀)ကျပ်နှင့် ထွက်တိုးတစ်တင်းလျှင် (၅၀၀)ကျပ်ဈေးနှုန်း ဆက်လက်မြင့်တက်လာကြောင်း၊ ဈေးကွက်အနေဖြင့် ပဲတီစိမ်းများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ အများဆုံးတင်ပို့ရောင်းချကြောင်း သီးနှံပွဲရုံများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)