ချောင်းဆုံမြို့နယ်၊ အမှတ် (၂) မြို့မဈေးရှိ စတိုးဆိုင်များတွင် ဆံပင်ပြုပြင်ပစ္စည်းအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၆.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ အမှတ်(၂)မြို့မဈေးရှိ စတိုးဆိုင်များတွင် ရောင်းချနေသော ဆံပင်ပြုပြင်ပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာ ဖော်ပြပါရှိမှု ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာ စတိုးဆိုင်များတွင် ရောင်းချနေသော ဆံပင်ပြုပြင်ပစ္စည်း အမျိုးမျိုးအား ပြည်သူများဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ကုန်အညွှန်း အမှတ်အသားတွင် မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘာသာနှင့်အခြားဘာသာ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ မဖြစ်မနေဖော်ပြရမည့် အချက်များ ပါဝင်မှု ရှိ/ မရှိ စစ်ဆေးခြင်းနှင့် ဈေးကွက်အတွင်းရှိ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသည့် အလှကုန်ပစ္စည်းအမျိုးမျိုးအပါအဝင် အခြားဘေးအန္တရာယ် ဖြစ်စေနိုင်သည့် ကုန်စည်များကိုလည်း ရောင်းချခြင်းမပြုလုပ်ကြရန်၊ ထိုသို့ပြုလုပ်မှုအား စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆိုင်ရှင်များအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)