နယ်ဝယ်လက်တို့ အဝယ်လိုက်လာတဲ့ ပြည်ချင်းဈေးကွက်

Powered by Drupal

       ပြည်ပွဲရုံများသို့ ယခုအပတ်တွင် ဝင်ရောက်လာသော ချင်းမှာ ရင့်ပြီး အရည်အသွေး ကောင်းလာသည့်အတွက် လက်ပံတန်း၊ ရခိုင်၊ ကြံခင်း နှင့် ပေါင်းတည် ဝယ်လက်များက အဝယ်လိုက်လာကြောင်း သိရှိရပါသည်။ ရခိုင်ဘက်မှ ဘင်္ဂလားဒေ့ရှ်အထိ ဝယ်ယူနေကြောင်းနှင့် ယခင်ချင်းဈေး အနည်းငယ်တက်လာကြောင်း သိရှိရပါသည်။ ယခုအပတ်ချင်း တစ်ပိဿာဈေးနှုန်းများမှာ ပွဲရုံဈေး ၁၀၀၀-၁၅၀၀ကျပ်နှင့် အိတ်စွဲဈေးများဖြစ်ပြီး လက်လီဈေးများမှာ တစ်ပိဿာလျှင် ၂၀၀၀-၂၁၀၀ကျပ်ထိ ရောင်းချလျက်ရှိပါသည်။ ဓါးလှီးချင်းဈေးများမှာ တစ်ပိဿာလျှင် ၂၀၀၀ကျပ်ဖြစ်ပြီး ၊ ချင်းတက်ဈေးများမှာ ချင်းအရင့်များဖြစ်သောကြောင့် ယခင်အပတ်ကဈေးနှင့်စာလျှင် တစ်ပိဿာလျှင် ၂၀၀ကျပ် အထိ ဈေးပြန်တက်လာကြောင်း တွေ့ရှိရပါသည်။

DOCA(ပဲခူး)