ပြည်ကြက်သွန်ဖြူ ဈေးငြိမ်၍ပုံမှန်အရောင်းအဝယ်ဖြစ်

Powered by Drupal

     ပြည်ဈေးကွက်ရှိ ကြက်သွန်ဖြူ(ကြူကုတ်)မှာ လက်ကား(ပွဲရုံဈေး) တစ်ပိဿာလျှင် ကျပ် ၄၀၀၀-၄၂၀၀၊ လက်လီဈေး ကျပ် ၄၂၀၀-၄၃၀၀၊ ရှမ်းစ လက်ကား (ပွဲရုံဈေး) တစ်ပိဿာလျှင် ကျပ် ၃၂၀၀-၃၅၀၀-၃၈၀၀-၄၂၀၀၊ လက်လီ တစ်ပိဿာလျှင် ကျပ် ၄၀၀၀-၄၅၀၀ဖြင့် ဈေးငြိမ်လျက် ရှိပါသည်။ နေ့စဉ်ရှမ်းပြည်နယ်၊ အောင်ပန်းမှ အဝင်များရှိခဲ့သည့်အတွက် ဈေးလျော့လာခဲ့ရာမှ ယခုတစ်ပတ်တွင် ဈေးငြိမ်နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။ အရောင်းအဝယ်အနေဖြင့် မြို့နယ်တွင်းရှိ လက်ကား ဝယ်ယူသူများ၊ အခြားမြို့နယ်များမှ အမှာရှိသူများနှင့် လက်လီဝယ်ယူသူအချို့ဖြင့် ပုံမှန် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)