၂၀၂၅ခုနှစ် အောက်တိုဘာလအတွင်း ပြည်ခရိုင်ရှိ ဈေးကွက်ရောက်ပြီး ကုန်စည်များကို စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

Powered by Drupal

            စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေ တို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ဆေးဆိုင်များ၊ ဝက်ထီးကန်မြို့ပေါ် ကုန်စုံဆိုင်များ၊ မြို့သစ်ရပ်ကွက် ဆေးဆိုင်များ သို့လည်းကောင်း၊ ရွှေတောင်မြို့နယ်တွင် ယွန်းတန်းရပ်ကွက် ကုန်စုံဆိုင်များနှင့် ကြာနီကန်ရပ်ကွက် ဆေးဆိုင်များသို့လည်းကောင်း၊ ပန်းတောင်းမြို့နယ်တွင် ဥသျှစ်ပင်ဈေးကုန်စုံဆိုင်များ၊ ဥသျှစ်ပင် ဈေးဆေးဆိုင်များသို့လည်းကောင်း၊ ပေါက်ခေါင်း မြို့နယ်တွင် မြို့မဈေးကုန်စုံဆိုင်များနှင့် အမှတ်(၂၊၃)ရပ်ကွက်ရှိ ဆေးဆိုင်များသို့ ဘူးသွပ်စားသုံးဆီ အမျိုးမျိုးနှင့် ဆရာဝန်ညွှန်ကြားချက် မလိုသော အိမ်သုံးဆေးဝါး (လိမ်းဆေး) အမျိုးမျိုးကို လည်းကောင်း သက်ဆိုင်ရာ မြို့နယ်တာဝန်ခံ နှင့်ဝန်ထမ်းများသည် သွားရောက်၍ ဈေးကွက်ရောက်ပြီး ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ပါသတ်မှတ်ချက် များနှင့် ကိုက်ညီမှုရှိသော ကုန်စည်များကို တင်သွင်းရောင်းချခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါကြောင်းနှင့် စောင့်ကြည့် စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ဖေါ်ပြချက်များနှင့် ကိုက်ညီမှုရှိပါ ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)