မြန်အောင်မြို့၊ အမှတ်(၃)ရပ်ကွက်နှင့် ဟင်္သာတမြို့နယ် ကုန်ကြီးကျေးရွာရှိ စားသုံးသူပြည်သူများသို့ ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီဖြန့်ဖြူးမှုအား မြေပြင်ကွင်းဆင်းစိစစ်ခြင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြန်အောင်မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၅.၁၁.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍  မြန်အောင်မြို့ အမှတ်(၃)ရပ်ကွက်ရှိ ဆီထုတ် ကိုယ်စားလှယ်များမှတစ်ဆင့် စားသုံးသူပြည်သူများသို့ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီရောင်းချမှုအခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ​ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး၊ ဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စုများသို့ ကျယ်ကျယ်ပြန့်ပြန့် ရာနှုန်းပြည့်မီအောင် ရောင်းချပေးစေရေး၊ သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့် အရည်အသွေး၊ အလေးချိန်ပြည့်ဝစွာ ပြည်သူများသို့ ဖြန့်ဖြူးရောင်းချစေရေး၊ လစဉ်ဆီရောင်းချမှုအခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခြင်းနှင့် စားအုန်းဆီဖြန့်ဖြူးရောင်းချပေးနေမှုများအား စိစစ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          ဆက်လက်၍ ဟင်္သာတမြို့နယ် ကုန်းကြီးကျေးရွာရှိ ရွှေကိန္နရီ လက်လီ ကုန်မျိုးစုံဆိုင်များသို့သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)