
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် (၅.၁၁.၂၀၂၅) ရက်နေ့ နံနက်(၀၈:၀၀) နာရီအချိန်မှစ၍ စားသုံးသူရေးရာဦးစီးဌာနမှ ဟင်္သာတမြို့နယ် ဦးစီးမှူး ဦးမိုးကျော်၊ သက်ဆိုင်ရာဌာနဝန်ထမ်းများ၊ ဟင်္သာတခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းနှင့် ပူးပေါင်း၍ ဟင်္သာတမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
ထိုသို့ရောင်းချခဲ့ရာတွင် အငြိမ်းစားဝန်ထမ်းတစ်ဦးလျှင် ဆီ(၅၀)ကျပ်သား ရောင်းချခဲ့ပါသည်။ ဆီ(၅၀)ကျပ် သား (၁)ဗူးလျှင်(ဘူးခွံအပါ) ၃၅၀၀/- ကျပ်ဖြင့် ပိဿာချိန် ၃၀၀ အား ရောင်းချခဲ့ပြီး သက်ဆိုင်ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုများလည်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
