မုံရွာမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း မြင့်တက်လျက်ရှိ

Powered by Drupal

          မုံရွာမြို့နယ်အတွင်း ခရမ်းချဉ်သီးကို မိုးဦးနှင့် မိုးနှောင်းကာလများတွင် ဒေသအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါသည်။ ခရမ်းချဉ်သီးသည် အပူပိုင်းဒေသနှင့် သမနွေပိုင်းဒေသတို့တွင် ကောင်းမွန်စွာ စိုက်ပျိုးဖြစ်ထွန်းသည်။

          ယခုအချိန်တွင် ဒေသတွင်းခရမ်းချဉ်သီးပေါ်သည့် ရာသီချိန်မဟုတ်သည့်အတွက် ဒေသတွင်း ထွက်ကုန်မရှိသောကြောင့် ရှမ်းပြည်နယ်၊ အင်းလေး၊ အောင်ပန်းတို့ဘက်မှ ခရမ်းချဉ်သီးများကို ဝယ်ယူရောင်းချလျှက် ရှိကြောင်းသိရသည်။ ဈေးကွက်အတွင်း ခရမ်းချဉ်သီးများ လှိုင်လှိုင်ဝင်ရောက် လျက်ရှိပြီး မုံရွာမြို့နယ်အတွင်းဖြစ်ပေါ်နေသော ခရမ်းချဉ်သီးဈေးနှုန်းများမှာ အောက်တိုဘာလ တတိယအပတ်တွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၂၀၀၀-၂၅၀၀ မှ အောက်တိုဘာလ စတုတ္ထ အပတ်တွင် ကျပ် ၃၀၀၀-၃၂၀၀ အထိ ဈေးနှုန်းမြှင့်တက် လျက်ရှိကြောင်းနှင့် ဈေနှုန်း မြှင့်တက်ရခြင်းမှာ ဒေသတွင်းထွက်ကုန်မရှိသေးခြင်း၊ ဈေးကွက်အတွင်းသို့ အခြားဒေသများမှ ခရမ်းချဉ်သီးများဝယ်ယူရောင်းချရာတွင် စက်သုံးဆီဈေးနှုန်းများကြီးမြင့်မှုကြောင့် သယ်ယူစရိတ် မြှင့်မားလာခြင်းကြောင့်ဖြစ်ကြောင်း ခရမ်းချဉ်သီးပွဲရုံများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)